ဖော်ပြချက်
ဒီစာအုပ်က ငွေကြေးလွတ်လပ်မှု (Financial Freedom) ရှိတဲ့ဘဝကိုရောက်အောင် ဘယ်လိုတည်ဆောက်သွားရမ လဲဆိုတာကို ငွေရှာတာ၊ ငွေကြေးစီမံတာကနေ ရေရှည် ရင်းနှီးမြှုပ်နှံမှုပြုလုပ်တဲ့အထိ တစ်ဆင့်ချင်းလမ်းညွှန် ထားပါတယ်။ ဝင်ငွေရလာတဲ့အခါ မိမိကိုယ်ကို အရင်ဆုံး ပေးရန် ဆုံးဖြတ်ခြင်း၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ကစားပွဲစည်းမျဉ်းစည်းကမ်းကို နားလည်ခြင်း၊ Leverage ကို အသုံးပြု၍ လုပ်ငန်းကိုအရှိန်မြှင့်တင်ခြင်း၊ ဖြန့်ကြက်ခွဲဝေ ရင်းနှီးမြှုပ်နှံခြင်း၊ တစ်သက်တာ ဝင်ငွေ စီးကြောင်း ဖန်တီးခြင်း၊ ထိပ်တန်း ၀,၀၀၁ ရာခိုင်နှုန်း စာရင်းဝင် အချမ်းသာဆုံးပုဂ္ဂိုလ်များကဲ့သို့ စဉ်းစား တွေးခေါ်ဆုံးဖြတ်လုပ်ကိုင်ခြင်း စတဲ့အကြောင်းအရာ တွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။
ဒီစာအုပ်ရဲ့ နောက်ထပ်အားသာချက်တစ်ချက်က Financial Freedom ရအောင် လက်တွေ့တည်ဆောက် ထားတဲ့သူတချို့ရဲ့ဘဝဇာတ်ကြောင်းကို အခြေခံပြီး ရေးသားထားတာကြောင့် သီအိုရီချည်းသက်သက်ထက် လက်တွေ့ကျတဲ့အတွေ့အကြုံတွေကိုပါ ဖတ်ရှုလေ့လာရ မှာဖြစ်ပါတယ်။