ဖော်ပြချက်
သဒ္ဓါတရားဖြူစင်စွာနဲ့ သင်္ကန်းမြတ်ကို လှူဒါန်းခြင်းဖြင့် ရရှိနိုင်မယ့် ဘဝအကျိုးတရားများ 🙏
သာသနာ့ဘောင်မှာ သံဃာတော်အရှင်သူမြတ်တို့ သပ္ပာယ်စွာ ဝတ်ရုံပူဇော်နိုင်ဖို့အတွက် သင်္ကန်းကို ဆက်ကပ်လှူဒါန်းခြင်းဟာ အလွန်မွန်မြတ်ပြီး အကျိုးကြီးမားပါတယ်။
မြတ်စွာဘုရားရှင် ဒေသနာတော်အရ ဖြူစင်တဲ့ စေတနာနဲ့ သင်္ကန်းလှူဒါန်းခြင်းကြောင့် ရရှိခံစားရမယ့် ထူးခြားတဲ့ အကျိုးတရား ၈ မျိုးကို ဓမ္မမိတ်ဆွေတို့ သိရှိပူဇော်နိုင်အောင် ဝေမျှပေးလိုက်ပါတယ်နော်။ 🌿
၁။ ရုပ်အဆင်း လှပတင့်တယ်ခြင်း။
၂။ ကိလေသာ မြူအညစ်အကြေး ကင်းစင်ခြင်း။
၃။ ခန္ဓာကိုယ်မှ ကိုယ်ရောင်ကိုယ်ဝါ တောက်ပခြင်း။
၄။ တန်ခိုးအာနုဘော် ကြီးမားခြင်း။
၅။ နူးညံ့သိမ်မွေ့သော ကိုယ်အသားအရေရှိခြင်း။
၆။ ဘဝဆက်တိုင်း ဖြူစင်သန့်ရှင်းသော အဝတ်ပုဆိုးတို့ကို ရရှိခြင်း။
၇။ ရွှေအဆင်းကဲ့သို့ တောက်ပသော အဝတ်ပုဆိုးတို့ကို ရရှိခြင်း။
၈။ နီမြန်းတောက်ပပြီး မြတ်နိုးဖွယ်ကောင်းသော အဝတ်ပုဆိုးတို့ကို ရရှိခြင်း။
ဓမ္မမိတ်ဆွေတို့အားလုံး ပေးကမ်းစွန့်ကြဲ လှူဒါန်းနိုင်တဲ့ မွန်မြတ်တဲ့ လက်အစုံကို ပိုင်ဆိုင်နိုင်ကြပါစေရှင့်။
ဝိနည်းတော်နဲ့အညီ သင်္ကန်းများလှူဒါန်းလိုပါက
📌 ရန်ကုန် ၊ မန္တလေး အိမ်ရောက်ငွေချေမှာယူနိုင်ပြီး နယ်မြို့များကို ကားဂိတ်ပို့ဆောင်ပေးနေပါတယ် ။