ဖော်ပြချက်
"ငွေသည်လူကို အသက်ရှင်စေသော်လည်း ဂုဏ်သိက္ခာသည်လူကို တန်ဖိုးရှိစေသည်"ဟူသော အယူအဆသည် လူဘဝ၏အရေးကြီးဆုံး အမှန်တရားတစ်ခု ဖြစ်သည်။ ယနေ့ခေတ်တွင်ငွေကြေးသည် လူနေမှုဘဝတွင် မရှိမဖြစ် လိုအပ်သော်လည်း ငွေကိုသာ အဓိကထား၍ ဂုဏ်သိက္ခာ၊ စာရိတ္တ၊ ယုံကြည်မှုတို့ကို လျစ်လျူရှုလာလျှင် လူတစ်ဦး၏ ဘဝတန်ဖိုးသည်တဖြည်းဖြည်း လျော့နည်းလာမည်ဖြစ်သည်။ ထို့ကြောင့် လူငယ်များအနေဖြင့် ငွေရှာခြင်းထက် မိမိ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းတန်ဖိုးထားတတ်သော စိတ်ဓာတ်ကို မွေးမြူထားရန် အလွန်အရေးကြီးသည်။