ဖော်ပြချက်
" ကြယ်လေးတွေ အရေအတွက်
ရေတွက်ကြရအောင် ညီညီငယ်
မင်း ငါ့ကိုချစ်တယ်ဆိုရင်လေ
အဲ့ဒီကြယ်လေးတွေကို ခေါ်လာပေးနော်"
ပန်းမဟုတ်သော ပန်းတစ်ပွင့် စာအုပ်လေးတွင် မှတ်စရာတွေပါကောင်းပါလိမ့်မည်။ သင်ခန်းစာတွေပါကောင်းပါလိမ့်မည်။ လိုက်နာကြပါလို့တော့မပြောချင်ပေမယ့် ပန်းမဟုတ်တဲ့ ပန်းကလေးတွေကို စာနာပြီးနေရာပေးကြပါလို့တော့ တောင်းဆိုမိချင်သားဆန္ဒတွေသာပြည့်ခဲ့ရင်ပေါ့နော်။ ပန်းမဟုတ်တဲ့ ပန်းကလေးတစ်ခုက ပတ်ဝန်းကျင်၊ မိသားစုဆွေမျိုးနှင့်အပေါင်းအသင်းကြားတွင် ရင်ဘောင်တန်းနိုင်ကာ သမာအာဇိဝဖြင့် လှုပ်ရှားလုပ်ကိုင်နေထိုင်ကြပါစေလို့တော့ ဆုမွန်ကောင်းတောင်းချင်မိပါသည်။