ဖော်ပြချက်
"ကမ္ဘာတစ်ဝန်း အုပ်ရေ ၂ သန်းကျော်
ရောင်းချခဲ့ရသော စာအုပ်" 📚✨
ဘဝမှာ အခက်အခဲတွေ မကြုံချင်လို့ ရှောင်နေလို့မရပါဘူး။ လမ်းပိတ်တာတွေ၊ ဆုံးရှုံးမှုတွေ၊ အဆင်မပြေတာတွေနဲ့ မမျှော်လင့်ထားတဲ့ ပြဿနာတွေဟာ လူတိုင်းရဲ့ဘဝထဲကို တစ်ချိန်မဟုတ်တစ်ချိန် ဝင်လာတတ်ပါတယ်။ တချို့လူတွေက အဲဒီအခက်အခဲတွေကြောင့် ရပ်တန့်သွားကြပေမယ့် တချို့ကတော့ အဲဒီအခက်အခဲတွေကိုပဲ အသုံးချပြီး ပိုခိုင်မာတဲ့လူတစ်ယောက် ဖြစ်လာကြပါတယ်။
အောင်မြင်မှုရဖို့ အတားအဆီးမရှိ၊ ချောမွေ့တဲ့လမ်းကို ရှာနေဖို့မလိုပါဘူး။ ကိုယ့်ရှေ့မှာရှိနေတဲ့ အတားအဆီးကို ဘယ်လိုမြင်မလဲ၊ ဘယ်လိုတုံ့ပြန်မလဲ၊ ဘယ်လိုကျော်ဖြတ်မလဲဆိုတာကိုပဲ သင်ယူဖို့လိုပါတယ်။
"အခက်အခဲကြားက ရှေ့ဆက်လိုက်ပါ"စာအုပ်ဟာ ပြဿနာတွေကို အကြောင်းပြချက်အဖြစ် မသုံးဘဲ အခွင့်အရေးအဖြစ် ပြောင်းလဲတတ်ဖို့၊ မပြောင်းလဲနိုင်တဲ့အရာတွေကြားမှာ ကိုယ်လုပ်နိုင်တာကို လုပ်တတ်ဖို့နဲ့ ခက်ခဲတဲ့အခြေအနေတွေထဲကနေတောင် ရှေ့ဆက်နိုင်ဖို့ လမ်းညွှန်ပေးမယ့် စာအုပ်ဖြစ်ပါတယ်။
"ဘယ်တော့မှ နောက်ကို ပြန်မလှည့်ပါနဲ့၊ ဒီအခက်အခဲကို ရှေ့ဆက်နိုင်သွားတဲ့အခါ သင့်အတွက် အခွင့်အရေးပေါင်းများစွာက စောင့်ကြိုနေမှာပါ၊ သင့်ကို တားဆီးနေတဲ့အရာကပဲ သင့်ကို ရှေ့ရောက်စေနိုင်ပါတယ်”။