ဖော်ပြချက်
" ပျော်ပျော်ရွှင်ရွှင် ရှိကြသည့် မိသားစုများတွင်
တဦးနှင့်တဦး တူညီသည့် နောက်ခံအကြောင်းများ
ရှိကြပြီး အိမ်ထောင်ရေးမပြေလည်သူများတွင်လည်း
သူ့အကြောင်းနှင့်သူ ရှိကြသည်သာ "
လီယိုတော်စတွိုင်း ရေးပြီး ဆရာကြီးတင်မောင်မြင့်
ဘာသာပြန်ခဲ့တဲ့ ကမ္ဘာကျော် ဂန္ထဝင်ဝတ္ထုကြီး
အင်နာကာရနီနာ ရဲ့ အဖွင့်စာပိုဒ်ပါ။
"အင်နာကာရနီနာ” (Anna Karenina) ဝတ္ထုဟာ ၁၉ ရာစု ရုရှား အထက်တန်းလွှာ လူ့ဘောင်အဖွဲ့အစည်း ကို နောက်ခံထားပြီး အချစ်၊ သစ္စာတရား၊ အိမ်ထောင်ရေးနဲ့ စည်းကမ်းချက်တွေ ကြားက လူ တွေရဲ့ စိတ်ခံစားချက်တွေကို ရေးဖွဲ့ထားတဲ့ ကမ္ဘာ ကျော်ဝတ္ထုကြီး ဖြစ်ပါတယ်။
"အင်နာကာရနီနာ" ဟာ အင်နာဆိုတဲ့ အမျိုးသမီးတ ဦးရဲ့ ဝမ်းနည်းဖွယ် အချစ်ဇာတ်လမ်း သာမကဘဲ၊ စက်မှုခေတ်ဆီ ကူးပြောင်းစ ရုရှားလူ့ဘောင်ရဲ့ အစဉ်အလာနဲ့ ခေတ်သစ်ကြား ပဋိပက္ခတွေ ၊ လူမှု စီးပွားစနစ်ရဲ့ မငြိမ်သက်မှုတွေကို ဘက်ပေါင်းစုံမှ အထူးတလည် သရုပ်ဖော်ထားတဲ့ ဂန္ထဝင်မြောက် စာပေလက်ရာကြီးတခုပါပဲ။