ဖော်ပြချက်
◽️ဒီစာအုပ်ကို အနှစ် ၄၀ ကျော်က လူပေါင်းများစွာ ဖတ်ရှုခဲ့ကြပြီး ကမ္ဘာတစ်ဝှမ်းမှာ အုပ်ရေပေါင်း ခုနှစ်သန်းကျော် ရောင်းခဲ့တယ်။ Business Week စာရင်းမှာ အကောင်းဆုံး စီးပွားရေး စာအုပ် ၇၅ အုပ်ထဲမှာ ပါဝင်ခဲ့တယ်။
ဒီစာအုပ်ကို ဖတ်ရင် ဘာအကျိုးကျေးဇူးရရှိမှာလဲ?
🎯 သင်က ဈေးရောင်းတဲ့ နယ်ပယ်ကဆိုရင် - Customer တွေရဲ့စိတ်နှလုံးကို ဘယ်လိုသိမ်းကျုံးယူရမလဲ။ ဘယ်လို ချဉ်းကပ်မှ ရောင်းအားတွေတိုးတက်မလဲ ဆိုတာတွေကို သိသာစွာ နားလည်လာမှာပါ။
🎯 သင်က စီးပွားရေးလုပ်ငန်းရှင်၊ ဦးဆောင်သူတစ်ယောက်ဆိုရင် - ဝန်ထမ်းတွေနဲ့ ညှိနှိုင်းဖို့၊ ဆုံးဖြတ်ချက်တွေ ချဖို့၊ ကိုယ့်ရဲ့နောက်လိုက်တွေကို ဦးဆောင်ဖို့ လိုအပ်တဲ့ လွှမ်းမိုးနိုင်မှုစွမ်းရည်တွေကို ရရှိလာမှာပါ။
🎯 သင်က သာမန်လူတစ်ယောက်ဆိုရင် - နေ့စဥ်ဘဝမှာ တခြားသူတွေ ကိုယ့်အပေါ် လူလည်မကျစေဖို့နဲ့၊ မိမိဖြစ်ချင်တဲ့ဆန္ဒအတိုင်း တခြားသူတွေအပေါ် လွှမ်းမိုးနိုင်အောင် ဘယ်လိုလုပ်ဆောင်ရမလဲ ဆိုတာတွေ သိလာလိမ့်မယ်။
စီးပွားရေးလုပ်ငန်းရှင်များ၊ အရောင်းကိုယ်စားလှယ်များ၊ ခေါင်းဆောင်များနဲ့ ဘဝမှာ အောင်မြင်ချင်သူ မည်သူမဆို ဖတ်ရှုသင့်သော စာအုပ်ဖြစ်ပါတယ်။ လူတိုင်းအတွက် အသုံးဝင်တဲ့ ဗဟုသုတတွေ ပါဝင်ပါတယ်။