ဖော်ပြချက်
ပူဇော်သူတိုင်းစိတ်ချမ်းမြေ့စေမယ့် လက်ရာမွမ်းမံမှုအသစ်နဲ့ ဗောဓိညောင်ပလ္လင်တော်များ
မြတ်စွာဘုရားရှင်ရဲ့ ကိန်းဝပ်စံပယ်ရာ ပလ္လင်တော်ကို နေအိမ်ကျောင်းဆောင်မှာ အကောင်းဆုံးနဲ့ အလှပဆုံး ပူဇော်ချင်တဲ့ ဓမ္မမိတ်ဆွေတို့အတွက်...
ဖြူစင်မေတ္တာသင်္ကန်းတိုက် ရဲ့ အနုပညာမြောက် ဖန်တီးထားတဲ့ ဗောဓိညောင်ရွက်ပုံစံ ပလ္လင်တော်တွေက ဘုရားကျောင်းဆောင်ကို ပိုမိုခန့်ညားပြီး ကြည့်လိုက်တိုင်း ကြည်ညိုသပ္ပါယ်ဖွယ်ရာ အပြည့်ဖြစ်နေစေမှာပါရှင့်။
အရည်အသွေးပိုင်းမှာလည်း စိတ်ချရအောင် 3D သစ်ပေါင်းသား နဲ့ သေသေချာချာ ထုတ်လုပ်ပေးထားပြီး မိမိတို့အိမ်က ဘုရားကျောင်းဆောင်အရောင်နဲ့ လိုက်ဖက်အောင် ရွေးချယ်စရာ (၄) မျိုးအထိ စီစဉ်ပေးထားပါတယ်နော်။
🙏အရောင် - ကျွန်းဝါ၊ ကျွန်းညို၊ မဟော်ဂနီ၊ ရွှေဝါရောင်
🙏အရွယ်အစား - (၈) လက်မ၊ (၁၀) လက်မ၊ (၁၂) လက်မ ရွေးချယ်ဝယ်ယူနိုင်ပါပြီ။