ဖော်ပြချက်
သူများတွေတော့ မသိဘူး၊ ကိုယ်ကတော့
စိတ်ဝင်စားပြီး သဘောကျတယ်ဗျာ။
ဆရာကြီး ဒဂုန်ဦးစန်းငွေ ရဲ့စာအုပ်တွေထဲက
နာမည်အကြီးဆုံးဖြစ်တဲ့ "ဗုဒ္ဓကိုယ်တိုင်ဖြေကြားခဲ့ရသော
မေးခွန်းနှင့်ပြဿနာများစာအုပ်မှာ
ဗုဒ္ဓ သက်တော်ထင်ရှားရှိစဥ်က
အမျိုးမျိုးသော မေးခွန်းများနဲ့
အထွေထွေသော ပြဿနာတွေကို ဗုဒ္ဓကိုယ်တိုင်
ပြန်လည်ဖြေကြားပုံ၊ ဖြေရှင်းပုံတွေကို
စိတ်ဝင်စားဖွယ် သိရှိရပါမယ်။
နောက်ပြီးတော့
သာသနာတော်မှာ ထင်ရှားတဲ့ လက်ယာရံ
အရှင်သာရိပုတ္တရာ၊ လက်ဝဲရံ အရှင်မောဂ္ဂလ္လာန်၊
အရှင်ဒေဝဒတ်၊ အဇာတသတ်ဘုရင်တို့ရဲ့
ဘဝဇာတ်လမ်းများ၊
ဗုဒ္ဓဘာသာဝင်တိုင်း ရင်းနှီးနေပြီးသားဖြစ်တဲ့
သောတာပန်ပုဂ္ဂိုလ်ဆိုတာ ဘယ်လိုမျိုးလဲ၊
ဘယ်လိုအကျင့်တွေ ကျင့်ပြီးသောတာပန်ဖြစ်တာလဲ၊
ပြီးတော့ နိဗ္ဗာန်ဆိုတာကကော ဘယ်လိုလဲ၊
နိဗ္ဗာန်ရောက်ဖို့ ဘာလုပ်ရမလဲ စတဲ့
စိတ်ဝင်စားဖို့လည်းကောင်းပြီး သိလည်းသိသင့်တဲ့
အကြောင်းအရာတွေကို ပြည့်ပြည့်စုံရေးထားလို့
ဆရာကြီးဒဂုန်ဦးစန်းငွေ ၏ စာအုပ်များကို
ဖတ်သင့်ပါကြောင်း စေတနာကောင်းဖြင့်
တိုက်တွန်းလိုက်ပါတယ် ခင်ဗျာ။
လက်ရှိမှာယူနိုင်တဲ့ စာအုပ်တွေကတော့
ဗုဒ္ဓကိုယ်တိုင်ဖြေကြားခဲ့ရသောမေးခွန်းနှင့်ပြဿနာများ
ဒေဝဒတ်နှင့်အဇာတသတ်
ဗုဒ္ဓအမွေအနှစ်၏အရသာ
သောတာပန်
ယထာဘူတ
နိဗ္ဗာန်စခန်းလက်တစ်ကမ်း
လက်ဝဲရံလက်ယာရံ
စာဘူးတောင်း စာအုပ်တို့ဖြစ်ပါတယ်ဗျာ