ဖော်ပြချက်
လေဆိပ်သွားရာ လမ်းပေါ်က အချုပ်ကားပေါ်မှာ
ကျနော်နဲ့အတူ ယိုးဒယား ပြည့်တန်ဆာတွေ
အပြည့်ပဲယောကျာ်းလေးဆိုလို့ ကျနော် တစ်ယောက်တည်း...။
အချုပ်ကားပေါ်ပါလာတဲ့ အစောင့်ရဲမေက
ကျနော်ကို ပြုံးပြရင် လှမ်းမေးတယ်...။
နင်ဘာအမူလဲ...တဲ့။
"ဆင်းရဲမွဲတေမှု"လို့ ခပ်ပြတ်ပြတ် ပြန်ဖြေလိုက်တယ်...။
ဘာမှမဖတ်ရသေးခင် အမှာစာဖတ်ပြီး မျက်ရည်ကျမိတဲ့
ဝတ္ထုမျိုးလည်း ဘဝမှာ ရှားရှားပါးပါးရှိခဲ့ဖူးပါတယ်။
ဆရာသော်တာဆွေဟာ အဘိုးကြီးဘဝနဲ့ ကသာမြို့ကို
ပြန်ရောက်တော့ စင်ပေါ်ကနေ မိုက်ခရိုဖုန်းနဲ့ အော်ဟစ်ခဲ့တယ်။
"မသူ ရေ … ငါ့ကိုခွင့်လွှတ်တယ်ဆို လာတွေ့ပါလားကွယ်" တဲ့။
ကျနော်က တစ်ဆယ့်ရှစ်နှစ်လုံးလုံး ရင်ဘတ်ထဲမာ
အံကြိတ်ပြီး အော်ဟစ်နေခဲ့တယ်။
"မေရီလင်းရေ ... ငါပြန်မလာနိုင်ခဲ့ဘူးကွာ.." လို့
▪️ ဂွတ်ဘိုင်ဘလက်ဒီးမေရီအမှာစာမှ