ဖော်ပြချက်
အလုပ်ဖိစီးမှုတွေ၊အဆိပ်အတောက်ဖြစ်လာနိုင်တဲ့ရင်းနှီးမှုတွေ၊အဆုံးမရှိတဲ့နေ့စဉ်ကိစ္စဝိစ္စစီမံရတာတွေ၊မိဘဝတ္တရား၊တာဝန်ကျေတဲ့ဇနီး(ခင်ပွန်း)ကောင်းဖြစ်ဖို့ ကြိုးစားရတာတွေ၊ကြင်ဖော်ရှာရတာတွေဟာ ဘဝတစ်ခုလုံးကို ဝန်ပိစေပြီးစိတ်သောကများနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့အရေးကြီးပါတယ်။
ဆိုရှယ်မီဒီယာကြောင့် သင့်စိတ်ကျန်းမာရေးထိခိုက်ရတာတွေကိုဖြေရှင်းရတာကစပြီး၊ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတည်ဆောက်တာအဆုံး စာဖတ်သူတွေအကောင်းမြင်စိတ်ရှိဖို့၊မိမိကိုယ်မိမိဦးစားပေးဖို့၊စိုးရိမ်ကြောင့်ကြစေတဲ့အကြောင်းတွေကိုခွဲခြားသိရှိစေဖို့နည်းလမ်းတွေပြပေးထားပါတယ်။
ဒီစာအုပ်ဖတ်ပြီးရင် သင့်အတွက်ကိုယ်ပိုင်အချိန် ပိုပေးလာလိမ့်မယ် ကိုယ့်ကိုယ်ကိုယ်အပြစ်ရှိတဲ့ခံစားမှုတွေ ရပ်ပစ်နိုင်ပါလိမ့်မယ်။ လောကဓံတွေကိုကြံ့ကြံ့ခံနိုင်လာပါလိ့မ်မယ်။ အကောင်းမြင်စိတ်များလာပါလိမ့်မယ်။ကိုယ့်ကိုယ်ကိုယ်ချစ်လာပါလိမ့်မယ်။