ဖော်ပြချက်
မျက်နှာဖုံးအသစ်လေးနှင့် ပြန်လည်ထွက်ရှိထားသော
စာရေးသူဦးနု၏ " ကျေးဇူးရှင် " 📚✨
ဦးနုဟာ~~~
လူငယ်များအတွက် ရည်ရွယ်ပြီး
ကာမတဏှာ ၊ ငရဲဆိုချိုနဲ့လားဗျို့နဲ့
ကျေးဇူးရှင်စာအုပ် သုံးအုပ်ကို ရေးခဲ့ပါတယ်။
ဒီသုံးအုပ်ကို ဖတ်မိသူတိုင်းဟာ
လူချွန်လူကောင်းဖြစ်မလာခဲ့ရင်တောင်
လူယုတ်မာတစ်ယောက်တော့ မဖြစ်နိုင်တော့ပါဘူး။
မတရားမှုကို ကျူးလွန်ရမှာကြောက်တဲ့သူ
ဖောက်လွဲဖောက်ပြန် လုပ်ရမှာကို ရွံရှာသူ
တစ်ယောက်တော့ ဖြစ်မှာ သေချာပါတယ်။
ကျေးဇူးရှင်စာအုပ်ရဲ့ အမှာစာကလည်း
အောက်ပါအတိုင်း ရှင်းကနဲ ဘွန်းကနဲ ရေးထားပါတယ်။
အမိ အဘတို့ရဲ့ ဂုဏ် ကျေးဇူးဟာ
ဘယ်လောက်ကြီးတယ်ဆိုတာမသိတဲ့အတွက်
ကျွန်တော် ငယ်ငယ်တုန်းက
ဖခင်ကြီးကို စော်ကားခဲ့ဖူးသလိုပဲ
မိမိတို့ရဲ့အမိကိုသော်လည်းကောင်း၊ အဘကိုသော်လည်းကောင်း၊ အမိအဘ နှစ်ဦးစလုံးကိုသော်လည်းကောင်း စော်ကားနေတဲ့လူငယ်တွေ
အတော်များများ ရှိကြပါလိမ့်မယ်။
အမိကိုလည်းကောင်း၊ အဘကိုလည်းကောင်း
စော်ကားနေကြတဲ့ သားသမီးတွေထဲက
အနည်းဆုံး တစ်ယောက်တည်းဖြစ်ဖြစ်
ဒီဝတ္ထုကို ဖတ်ပြီး သူစော်ကားနေတဲ့ အမိအဘတွေအပေါ်မှာ ရိုသေကိုင်းရှိုင်းတဲ့စိတ်တွေ
ပေါ်ပေါက်လာမယ်ဆိုယင်
ဒီဝတ္ထုကို ကျွန်တော် ရေးရကျိုးနပ်ပါပြီတဲ့…။