ဖော်ပြချက်
"မောင်ရယ်..
လူတွေဟာ အသီးသီး အိပ်မက်မက်နေကြတာပါ။
လူတစ်ယောက်ရဲ့ အိပ်မက်ထဲမှာ
ဇာတ်ကောင်တွေအများကြီး ပါဝင်နေပါတယ်။
ဒါပေမဲ့ အိပ်မက်မက်နေတဲ့ ကာယကံရှင်ကသာ
တကယ်ခံစားရတာပါ တခြားဇာတ်ကောင်တွေကတော့
ဒီအိပ်မက်ထဲမှာ သူတို့ပါလို့
ပါနေမှန်းတောင် သိကြတာမဟုတ်ဘူး ။
လူတစ်ယောက်ရဲအိပ်မက်ထဲမှာတခြားလူတစ်ယောက်က
ဝင်ပြီးခံစားလို့ရပါ့မလား။
အိပ်မက်တစ်ခုတည်းကို
လူနှစ်ယောက် မမက်နိုင်ပါဘူး မောင်။"