ဖော်ပြချက်
ဒီစာအုပ်က “ပိုက်ဆံများများရှာဖို့” ထက် “ပိုက်ဆံကို ဘယ်လိုထိန်းသိမ်းမလဲ” ဆိုတာကို ပိုပြီး အလေးထားဖော်ပြထားတဲ့ စာအုပ်တစ်အုပ်ပါ။
တချို့လူတွေ ဝင်ငွေကောင်းကောင်းရပေမယ့် ဘာကြောင့် အမြဲငွေမလုံလောက်သလို ခံစားနေရသလဲ…
ဘာကြောင့် အကြွေးဝိုင်းထဲ လွယ်လွယ်ကျရောက်သွားသလဲ…
ဆိုတာတွေကို ရိုးရှင်းတဲ့အတွေးအမြင်တွေနဲ့ နားလည်လာစေပါတယ်။
အထူးသဖြင့် Emotional Spending — စိတ်ခံစားချက်အလိုက် မလိုအပ်တာတွေ ဝယ်မိခြင်း၊ လူတွေကိုလိုက်ပြိုင်ရင်း အသုံးများသွားခြင်း၊ “ရှိသလောက်သုံး” တဲ့အလေ့အကျင့်တွေက ငွေကြေးလွတ်လပ်ခွင့်ကို ဘယ်လိုတဖြည်းဖြည်း ဖျက်ဆီးသွားလဲဆိုတာ သတိပေးထားပါတယ်။
ဒီစာအုပ်ရဲ့ကောင်းတဲ့အချက်က “ချမ်းသာဖို့” ကိုပဲ မပြောဘဲ
“ငွေကြေးအတွက် မပူပန်ရတဲ့ဘဝ” ကို တည်ဆောက်ဖို့ လမ်းညွှန်ပေးထားတာပါ။
Minimalism အတွေးအခေါ်ကိုလည်း ပေါင်းစပ်ထားတာကြောင့်
ဘဝကို ရိုးရှင်းစွာနေထိုင်ရင်း
အမှန်တကယ် တန်ဖိုးရှိတဲ့အရာတွေကို ပိုမြင်လာစေပါတယ်။
ငွေစုချင်သူ၊ အကြွေးလျှော့ချင်သူ၊ လစာရတိုင်း ပျောက်သွားတဲ့ဘဝကနေ ထွက်ချင်သူတိုင်း ဖတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။