ဖော်ပြချက်
စိတ်မှာရှိတဲ့ အဆိပ်တွေကို
ဘယ်လိုစွန့်ထုတ်ပြစ်ကြမလဲ ?
ကျွန်တော်တို့ရဲ့ နေ့စဥ်ဘဝမှာ
ကိုယ်ကျန်းမာဖို့လိုသလို စိတ်ကျန်းမာဖို့လည်းလိုအပ်ပါတယ်။
ကိုယ်ကျန်းမာတဲ့အခါ စိတ်ကျန်းမာသလို
စိတ်ကျန်းမာတဲ့အခါ စိတ်ချမ်းသာနေတတ်ပါတယ်။
ကျွန်တော်တို့ လူမှုနေ့စဥ်ဘဝမှာ အစားအသောက်တွေကနေ
တဆင့် ခန္ဓာကိုယ်မှာအဆိပ်တွေ ရှိနေတတ်ကြပါတယ်။
ဆိုရှယ်မီဒီယာထွန်းကားလာတဲ့ ဒီဘက်ခေတ်မှာဆိုရင်
ခန္ဓာကိုယ်မှာရှိတဲ့ အဆိပ်ထုတ်ခြင်းနည်းလမ်းတွေကို
ဆိုရှယ်မီဒီယာတွေကနေတဆင့် အချင်းချင်း
ပြန်လည်မျှဝေလာနေကြပါပြီ။
ခန္ဓာကိုယ် အဆိပ်ထုတ်ဖို့အတွက် တစ်လတစ်ခါ
လုပ်တဲ့သူတွေရှိသလို တစ်ချို့လည်း အခါအားလျော်စွာ
တစ်ပါတ်၊ တစ်လ၊ တစ်နှစ် စသဖြင့် မိမိတို့နှင့်
လိုက်လျောညီထွေစွာ လုပ်ဆောင်ကြပြီး
ခန္ဓာကိုယ်မှာရှိတဲ့ အဆိပ်တွေကို စွန့်ထုတ်ပြစ်ကြပါတယ်။
ခန္ဓာကိုယ်မှာရှိတဲ့ အဆိပ်တွေကို ထုတ်ဖို့လိုသလို
စိတ်မှာရှိတဲ့ အဆိပ်တွေကိုလည်း စွန့်ထုတ်ပြစ်ဖို့လိုပါတယ်။
စိတ်ကို အဆိပ်ထုတ်တယ်ဆိုတာ စိတ်မှာ နေ့စဥ်
တွယ်ငြိကပ်သပ်နေတဲ့ မကောင်းတဲ့စိတ်၊
အဆိုးမြင်စိတ်တွေကိုထုတ်ပြစ်ရမယ်လို့
နားလည်သွားပါတယ်။
ဘာမှ မဟုတ်တဲ့ ကိစ္စလေးတစ်ခု
ဘာမှ မဟုတ်တဲ့စကားလေးတစ်ခွန်း
ဘာမှ မဟုတ်တဲ့ အပြုအမူလေးတစ်ခုကနေလည်း
ကျွန်တော်တို့ရဲ့စိတ်အစဥ်မှာ အဆိပ်ဖြစ်သွားတတ်ပါတယ်။
အဆိပ်မဖြစ်အောင် အဆိပ်ဖြစ်စေတဲ့ စိတ်အစဥ်မှာ
ပေါ်လာနေတဲ့ အတွေးတွေကို သတိကပ်ပြီး အသိနဲ့
ရှေ့ဆက်သွားဖို့လိုပါတယ်။
စိတ်မှာရှိနေတဲ့ အဆိပ်တွေကို စွန့်ထုတ်ပြစ်နိုင်ဖို့
စွန့်ထုတ်ပြစ်တတ်ဖို့ ဆရာမ Mon Halsey ရဲ့
စိတ်ကိုအဆိပ်ထုတ်ခြင်း စာအုပ်လေးကို
ဖတ်ကြည့်ကြရအောင်။
စိတ်ကို အဆိပ်ထုတ်တတ်ကြပါစေ။