ဖော်ပြချက်
ကျွန်မ လဲကျခဲ့ဖူးတယ်
စုတ်ပြတ်သတ်နေအောင်ပါပဲ...။
ကြိုးစားပြန်ရပ်ခဲ့ရတယ်...
ကိုယ့်ကိုယ်ကိုယ် ပြောတဲ့စကားက
ဘယ်သူမှ လာမထူနဲ့
ရအောင်ပြန်ထမယ်လို့...။
ကြိုးစားပြီး ပြန်ထနေချိန်မှာပဲ
လူငယ်တွေအတွက်
စိတ်ဓာတ်ခွန်အားဖြည့်စာတွေ
ဘဝနေနည်း အတွေ့အကြုံမျှဝေစာတွေ
အတွေးအမြင်စာတွေ ရေးဖြစ်လာတယ်...။
ဘာကြောင့်ဆို
အရင်က ကျွန်မလဲကျခဲ့သလိုမျိုး
လဲကျတဲ့လူငယ်တွေ များလာလို့ပဲ...။
ပြန်ရပ်တည်ပြလိုက်စမ်းပါ
လူတွေ အံ့ဩဆွံ့အသွားအောင်လို့ ။
ကြုံးဝါးပြလိုက်စမ်းပါ
ဘယ်သူမှ လာမထူနဲ့
ပြန်ထနိုင်တယ်လို့ ။
Title - လာမထူနဲ့ ပြန်ထနိုင်တယ်
Author - နိုဘယ်လ်သွေး