ဖော်ပြချက်
“သင့်အတွေးတွေပြောင်းရင် သင့်ဘဝလည်း
ပြောင်းလဲသွားလိမ့်မယ်”
ဒီစာအုပ်ထဲမှာ သင့်စိတ်ကို နိုင်အောင်ဘယ်လိုထိန်းချုပ်ရမလဲဆိုတာကို ဖော်ပြထားပါတယ်။ စိတ်ကိုနိုင်မှ သင့်ရဲ့နေ့စဉ်ဘဝ၊ မိသားစုဆက်ဆံရေး၊ အသက်မွေးလမ်းကြောင်းအလုပ်၊ စီးပွားရေးအလုပ်တွေကိုတိုးတက်အောင် လုပ်နိုင်မှာဖြစ်ပါတယ်။
တစ်ကြိမ်ထက်ပိုပြီး ဖတ်ချင်စဖွယ်ဖြစ်အောင်ရေးသားထားပြီး သင့်ရဲ့အားထားစရာတစ်ခု ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အထူးသဖြင့် စိတ်ထဲအဆင်မပြေတဲ့အချိန်တွေမှာပိုပြီး အထောက်အကူပြုပေးပါလိမ့်မယ်။ ကမ္ဘာပေါ်မှာ စိတ်ကအင်အားအကြီးဆုံး လက်နက်ပါပဲ။ သင်စဉ်းစားပုံ၊ တွေးပုံတွေကိုပြောင်းလိုက်ပေတော့။ အဲဒီအခါ သင့်ဘဝလည်း ပြောင်းသွားပါလိမ့်မယ်။
ယခုစာအုပ်ရဲ့မူရင်းစာရေးဆရာ ဒဲရီးယပ်စ်ဖိုရူး (DARIUS FOROUX)ဟာ နယ်သာလန်က စာရေးဆရာ၊ လုပ်ငန်းရှင်နဲ့ Podcast လွှင့်ထုတ်ဟောပြောသူဖြစ်ပါတယ်။ ကုန်ထုတ်စွမ်းအား၊ ကြွယ်ဝချမ်းသာရေး- Stoiasm၊ အကျင့်၊ တစ်ကိုယ်ရည်ဖွံ့ဖြိုးတိုးတက်ရေးစာအုပ်များရေးသားခဲ့ပြီး စာဖတ်ပရိသတ်သန်း ၃၀ ကျော်ရှိပါတယ်။
Wise & Wealthy သတင်းလွှာကိုလည်း အပတ်စဉ် ဦးစီးထုတ်ဝေလျက်ရှိပါတယ်။ လက်ရှိအချိန်အထိ စာအုပ် (၇) အုပ် ရေးသားထုတ်ဝေခဲ့ပြီး အွန်လိုင်းသင်တန်းခြောက်ခုပို့ချလျက်ရှိပါတယ်။ ၁၉၈၇ ခုနှစ်မှာမွေးဖွားပြီး နယ်သာလန်နိုင်ငံ Groningen တက္ကသိုလ်ကနေ MBA ဘွဲ့ကို ဘဏ္ဍာရေးနဲ့ မားကတ်တင်း ဘာသာရပ်များအထူးပြုအောင်မြင်ထားသူဖြစ်ပါတယ်။
▫️စာညွှန်း - စာပေလမ်း