ဖော်ပြချက်
အားနည်းချက်ကိုရှာပါ
နံရံတိုင်းမှာ အက်ကွဲကြားရှိသလို လူတိုင်းမှာ အားနည်းချက် ရှိပါတယ်။ အားနည်းချက်ဆိုတာ စိတ်မလုံခြုံမှုတွေ၊ ထိန်းချုပ်မရတဲ့ စိတ်ခံစားချက်တွေ၊ လိုအင်ဆန္ဒတွေ ဖြစ်နိုင်သလို၊ လျှို့ဝှက်ထားတဲ့ သာယာမှု၊ နာခံမှု၊ စာနာမှုတွေလည်း ဖြစ်နိုင်ပါတယ်။
ဘယ်လို အားနည်းချက်ပဲ ဖြစ်နေပါစေ၊ တစ်ရစ်ချင်း ကျစ်ကျစ်သွားအောင် အကြပ်ကိုင်ပြီး ကိုယ်ကျိုးထုတ်တတ်ရမယ်။
လိုတာထက် ပိုမပြောနဲ့
သဘောတရားကြီးကြီး၊ လူထင်ကြီးခံရအောင် စကားကြီးစကားကျယ်တွေ ပြောလိုက်ရင် လေပေါ်လွန်ပြီး လူပေါ ဖြစ်သွားတတ်ပါတယ်။ လူပေါ ဖြစ်ရင် ဘယ်သူမှ အရေးမလုပ်တော့ဘူး။
ဩဇာရှိ၊ အာဏာရှိ၊ အရှိန်အဝါရှိသူတွေက လိုတာထက် ဘယ်တော့မှ မပြောကြပါဘူး။ လိုသလောက်ပဲ ပြောတတ်ကြပါတယ်။
အပြောလွန် လူပေါ မဖြစ်ပါစေနဲ့။
Robert Greene ရဲ့ နာမည်ကြီး စာအုပ်က အာဏာ၊ ဗျူဟာ၊ လူ့သဘာဝ နဲ့ ပတ်သက်ပြီး အချိန်မကုန်နိုင်တဲ့ ဉာဏ်ပညာတွေ ပြည့်နှက်နေတဲ့ စာအုပ်ပါ။
Original English Title: The Concise 48 Laws of Power