ဖော်ပြချက်
မိန်းကလေးတွေဟာ ပန်းကလေးတွေလိုပဲ။ နူးညံ့သိမ်မွေ့တယ်၊ ထိရှနာကျင်လွယ်တယ်။ အဲဒီပန်းကလေးတွေဟာ လက်ဆိပ်မိပြီး သေဆုံးသွားရတာတွေရှိတယ်။ ရှင်သန်နေရင်တောင် အရိပ်မည်းတွေအောက်က မလွတ်မြောက်နိုင်သူတွေလည်း ရှိကြတယ်။ ဒီစာအုပ်လေးဟာ နွမ်းကြွေနေတဲ့ပန်းကလေးတွေကို တစ်ပွင့်စီကောက်ပြီး တစ်ကြိုးတည်းမှာ သီကုံးထားတာပါ။
◽️ သဲဆုမွန်
ဆရာမ သဲဆုမွန်ရဲ့ ''ကျွန်မသီတဲ့ ပန်းကလေးတွေ' ဝတ္ထုတို ပေါင်းချုပ်ဟာ အကြောင်းအမျိုးမျိုးကြောင့်
အရိပ်မည်းတွေအောက်က မလွတ်မြောက်နိုင်တဲ့ အမျိုးသမီးလေးတွေ၊ မိန်းကလေးငယ်တွေအကြောင်းကို စာနာစွာ ရေးဖွဲ့ထားတဲ့ ဝတ္ထုတိုတွေ ဖြစ်ပါတယ်။ ဝတ္ထုတိုတွေ ဖတ်ပြီးတဲ့အခါ
သနားကရုဏာစိတ်အပြင် အန္တရာယ်ဟာ အဝေးမှာတင်မဟုတ်ဘဲ ကိုယ့်အနီးအနားမှာလည်း ရှိနိုင်ပါလားဆိုတဲ့ မေ့လျော့ပေါ့ဆမနေသင့်တဲ့ တွေးတောဆင်ခြင်စိတ်တွေပါ သတိမူ ခံစားမိမှာ သေချာပါတယ်။