ဖော်ပြချက်
လူတစ်ယောက်နဲ့ တစ်ယောက် ဆုံတွေ့ခြင်းတိုင်းမှာ
အကြောင်းမဲ့မှုဆိုတာ မရှိပါဘူး။
ဘဝထဲကို ဝင်လာတဲ့သူတိုင်းဟာ
ကျွန်မတို့အတွက် “Blessing” တစ်ခု
ဒါမှမဟုတ် “Lesson” တစ်ခုအဖြစ်
အဓိပ္ပါယ်တစ်ခုခု ကိုယ်စီ သယ်ဆောင်လာကြပါတယ်။
တချို့လူတွေက
ချစ်ခြင်းမေတ္တာတွေ ပေးတတ်ကြတယ်၊
နွေးထွေးမှုတွေ ပေးတတ်ကြတယ်၊
စိတ်အား၊ လူအား၊ အားပေးမှုတွေနဲ့
ဘဝကို လှပစေတတ်ကြတယ်။
တချို့လူတွေကတော့
နာကျင်မှုတွေ၊ စိတ်ပျက်မှုတွေ၊
ယုံကြည်မှု ပျက်စီးခြင်းတွေကို
သင်ခန်းစာအဖြစ် ပေးသွားကြတယ်။
ဒါပေမယ့်
ဘယ်လိုလူမျိုးပဲ ဖြစ်ဖြစ်
သူတို့ဟာ ကျွန်မတို့ဘဝထဲမှာ
အကြောင်းရှိလို့ ရောက်လာခဲ့ကြတာပါ။
ဒီစာအုပ်ဟာ
ဘဝထဲက လူတွေ၊ ဆက်ဆံရေးတွေ၊
နာကျင်မှုတွေနဲ့ သင်ခန်းစာတွေကြားမှာ
“လက်ခံတတ်ခြင်း” ရဲ့ အဓိပ္ပါယ်ကို
နားလည်လာစေဖို့ ရေးသားထားတဲ့
စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ကိုယ့်ဘဝထဲက ကောင်းမွန်တဲ့သူတွေကို
Blessing တစ်ခုအနေနဲ့ တန်ဖိုးထားတတ်ဖို့၊
နာကျင်စေခဲ့တဲ့သူတွေကိုလည်း
Lesson တစ်ခုအဖြစ်သာ လက်ခံပြီး
ရှေ့ဆက်လျှောက်နိုင်ဖို့
နှလုံးသားကို အားပေးပေးမယ့် စာစုများ…
“ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်” ဟာ
နာကျင်ဖူးသူတိုင်းအတွက်
စိတ်ကို ပြန်လည်နွေးထွေးစေမယ့်
ခွန်အားပေးစာအုပ်တစ်အုပ် ဖြစ်ပါလိမ့်မယ်။
Title - ရှင်သန်ခြင်းရဲ့အဓိပ္ပါယ်
Author - စူးရှမေ