ချစ်သောချစ်မိသောချစ်ခဲ့ဖူးသောချစ်လှစွာသောယောက်ျားများ
The Men I Have Loved, Fallen for, Once Loved, and Deeply Cherished
လက်ကျန်ကြည့်ရန် ရွေးချယ်စရာများကို ရွေးပါ
ဖော်ပြချက်
တကယ်တော့ အမျိုးသမီးတွေအတွက်
သူတို့ဘဝတစ်လျှောက် ရင်ဆိုင်ရမှုတွေဟာ
တကယ် မရိုးရှင်းလှဘူး ...
ဒီလိုအရာတွေကို ရင်ဆိုင်နိုင်ဖို့က ဘယ်လို
အခြေအနေမှာ ကိုယ့်စိတ်ကို ဘယ်လိုပဲ့ကိုင်
ထိန်းကျောင်းမလဲဆိုတဲ့အချက်ဟာ အရေး
ကြီးလှတယ်။ အမျိုးသမီးတွေဟာ ကိုယ့်
ကိုယ်ကိုယ်ပဲ ထိန်းချုပ်နိုင်မှာ …
ကျန်တဲ့ ဘယ်အရာကိုမှ ထိန်းချုပ်လို့မရဘူးဆိုတာ …
ဒီစာအုပ်လေးက အတွေးအမြင်တစ်ချို့ကို ပေးစွမ်းနိုင်မှာပါ ...
"ချစ်" ဆိုတဲ့ စကားတွေ အများကြီးပါတော့ ဒီစာအုပ်ဟာ ကလက်သလို ဖြစ်နေမှာပေါ့။
ချစ်ရတဲ့ယောကျ်ားများ ဆိုပြန်တော့ "ဟာ..ဘယ်လိုများလဲ" ဆိုပြီး မိန်းမတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားကို သံသယဝင်ရင် ဝင်မှာပေါ့။ တကယ်တော့ ဒီစာအုပ်ဟာ ဘဝထဲက အချစ်အကြောင်းနဲ့ အချစ်ထဲက ဘဝအကြောင်းကို ပြောပြချင်လို့ ရေးခဲ့တာသာ ဖြစ်ပါတယ်။
ဒီဝတ္ထုကိုရေးတော့ ကျွန်မအသက် ၂၈နှစ်ရှိပြီ။ အတွေ့အကြုံခပ်များများကို မြည်းစမ်းခဲ့ဖူးပြီ။ ပြီးတော့ ကလေးတစ်ယောက်အမေ ဖြစ်နေခဲ့ပြီ။ ဒါကြောင့်ကျွန်မဟာ ဒီဝတ္ထုကို မိခင်စိတ်နဲ့ ရေးခဲ့ပါတယ်။
(ဆရာမ မြူပါးရ်ရဲ့ အမှာစာ ကောက်နှုတ်ချက်)
သတ်မှတ်ချက်များ
စာအုပ်အမည်
ချစ်သောချစ်မိသောချစ်ခဲ့ဖူးသောချစ်လှစွာသောယောက်ျားများ
ပို့ဆောင်နိုင်သောဒေသများကို ဖွင့်နေပါသည်...