ဖော်ပြချက်
အရင်က ကိုယ့်ရဲ့ဖဲချပ်က ဘာပဲဖြစ်ခဲ့ပါစေ။ လက်ရှိအချိန်မှာ ကိုယ့်ဘဝကို အကောင်းမွန်ဆုံးဖြစ်အောင် တည်ဆောက်ပါ။ ဒါဆို နောင်တစ်ချိန်မှာ ဘယ်သူကပဲဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် အောက်ဖဲလှန်ကိုင်း ကိုယ့်ရဲ့ဖဲချပ်က ဂျိုကာပဲ ဖြစ်နေလိမ့်မယ်။ ကိုယ်က အမြဲတမ်း ဂျိုကာအဖြစ်နဲ့ လက်မထောင်ပြီး နေထိုင်နိုင်ဖို့ပဲ လိုအပ်တာပါ ။
လူမှုဘဝမှာ အဘက်ဘက်က ထိုးလာတဲ့ လက်ညှိုးတွေကြောင့် စိတ်ဓာတ်မကျပါနဲ့။ ကိုယ့်လက်သီး ကိုယ်ဆုပ်ရင်း ကိုယ့်အလုပ်မှာ လက်မထောင်နိုင်အောင် ကြိုးစားပါ။ လက်ညှိုးထိုးသူတွေကို လက်ခုပ်တီးလာအောင် ကြိုးစားပြလိုက်ပါ။
Title - လောကဓံကိုဂရုမစိုက်တဲ့မိန်းမ
Author - အက်ရှာ