ဖော်ပြချက်
ကျွန်မက စိန်တစ်ပွင့်ဆိုရင်တောင် ပုံမှန်သွေးပြီး ရလာတဲ့
စိန်တစ်ပွင့် မဟုတ်ပါဘူး။ ထပ်ခါထပ်ခါ အကြိမ်ကြိမ်
သွေးပြီးမှ ဖြစ်လာတာပါ။
စာရေးသူ အက်ရှာ (Asher) ရဲ့ ‘မိန်းမသားဆိုတာ
အားနွဲ့သူမဟုတ်ပါ' ဆိုတဲ့ စာအုပ်လေးဟာ
အမျိုးသမီးတွေ ကိုယ်စား အမျိုးသမီးတွေအတွက်
သီးသန့်ရေးလာတဲ့ စာအုပ်တွေထဲမှာ နောက်ဆုံး
စာအုပ်ဖြစ်ကောင်းဖြစ်နိုင် ပါတယ်။
ဒီစာအုပ်မှာ ကမ္ဘာအရပ်ရပ်က ထင်ရှားကျော်ကြားတဲ့
ကမ္ဘာကျော်မိန်းမသားတွေရဲ့ အောင်မြင်မှုနောက်ကွယ်က အကြိမ်ကြိမ် အခါခါ ရှုံးနိမ့်ခဲ့ရပေမဲ့ ထပ်ခါထပ်ခါ ကြိုးစားရပ်တည်ပြခဲ့တဲ့ စာရေးသူရဲ့ ကြိုးစားမှု အားမာန်တွေကို
ပေါင်းစပ်ပြီး အားကျအတုယူဖွယ်ဖြစ်အောင်
ရေးသားထားပါတယ်။
စာရေးသူ - အက်ရှာ (Asher)
အမည် - မိန်းမသားဆိုတာအားနွဲ့သူမဟုတ်ပါ